အပြောချိုချို
ဘ၀င်ငြိအောင်အကြိုက်ပြောမှ
ချစ်တယ်လို့များထင်မှာလား။ ။
Saturday
Monday
ဖိနပ်တစ်ရံ၏တမ်းခြင်း
အား…………. အသံကုန်အောင်အော်လိုက်တယ်…. အော်မှာပေါ့ကျွန်တော် အလုံပိတ်ကား ထဲကနေ အရှိန်နဲ့ ပြုတ်ကြလာတာကိုး….. ကျွန်တော်တစ်ယောက်ထဲ တော့မဟုတ်ပါဘူး တစ်ချို့ ကျွန်တော့လိုပဲ လူတွေနဲ့ အတူနေလို့မရတော့တဲ့ ဘ၀တူတွေလဲ ပါတာပေါ့ တော်တော်များများကတော့ လူနဲ့လူ့ပတ်ဝန်းကျင်က စွန့်ပစ်ခံထားရသူတွေပေါ့….. ဒီနေရာကတော့ တော်တော်လေး ကိုအနံအသက်ဆိုးတယ်တယ်… ကျွန်တော့ ဘ၀တစ်လျှောက်လုံး ဒီလောက်ဆိုးတဲ့နေရာ တစ်ခါမှမရောက်ဖူးဘူး… ကျွန်တော်သိပါတယ်.. ဒါကျွန်တော်ရဲ့ နောက်ဆုံးအချိန်နဲ့နေရာဆိုတာ……..
အရင်တချိန်ကပေါ့…… သူမနဲ့စတွေ့တဲ့ အချိန်လေးကိုပြောတာပါ… ကောင်းကောင်း မှတ်မိ နေပါသေးတယ်… အဲဒီနေ့က ကျွန်တော်ရှိတဲ့နေရာလေး ကိုသူမရောက်လာခဲ့တယ်… ကျွန်တော်လေ… သူမကိုမြင်မြင်ခြင်းပဲ စိတ်ဝင်စားသွားခဲ့တယ်… သူမအတွက်ဆိုရင် ဖြစ်ချင်ရာဖြစ်ပါစေ… ဆိုပြီး ဆုံးဖြတ်ပြီးမှ သူမကို စကား စပြော လိုက် တယ်… သူမကလဲ ကျွန်တော့ကို လက္ခံတယ်တဲ့… ကျွန်တော်လေ… ပျော်လိုက်တာ ပြောမနေပါနဲ့တော့….. သူမနဲ့ ကျွန်တော် စိတ်သဘောထားချင်း တိုက်ဆိုင်ရဲ့လားလို့ ဆွေးနွေးကြတယ်… အိုကေတယ် အားလုံး အဆင် ပြေတယ်… အဲဒါနဲပဲ… ကျွန်တော် သူမနောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်… ဘာလို့လဲဆိုတော့ သူမက ဒီမှာကျွန်တော်နဲ့အတူ နေဖို့မဖြစ်နိုင် ဘူးလေ…. သူမကလည်း ကျွန်တော့ကို လိုလိုလားလား နဲ့ကို ခေါ်တာပါ……..
အဲဒီလိုနဲ့ ကျွန်တော်သူမအတူ လိုက်သွားခဲ့တယ်…. သူမအိမ်ရောက်တော့ ကျွန်တော့ကို နေစရာတစ်နေရာ ပေးတယ်… ကျွန်တော်နေခဲ့တဲ့နေရာလောက် မသားနားပေမဲ့ ကျွန်တော်ကျေနပ်ပါတယ်…. နောက်နေ့ ကစပြီး သူမအပြင်သွားတိုင်း… ကျွန်တော် နဲ့အတူပေါ့…. သူမရဲ့ အလုပ်ပဲဖြစ်ဖြစ်၊ ရှော့ပင်းထွက်တာပဲ ဖြစ်ဖြစ် ကျွန်တော်နဲ့ပဲ …. ပါတီပွဲ… တွေတောင် ကျွန်တော်နဲ့ အတူတက်တာ…. သူမရဲ့သူငယ်ချင်းတွေ ကလည်း ပြောကြပါတယ် ကျွန်တော်နဲ့သူမကို အတူတွဲတွေ့တုန်းကပေါ့ ကျွန်တော်နဲ့ သူမကိုသိပ်လိုက် တာပဲတဲ့…. ဟဲဟဲ.. ကျွန်တော်က အသားဝါ၀ါ အရပ်က သူများတွေထက် နည်းနည်း မြင့်သလို တော့ရှိ တယ် ပိန်ပိန်ပါးပါး … သူမကအသားနည်းနည်း ညိုတယ် လေ.. စလင်းဘော်ဘီ အရပ်ကမြန်မာမိန်းက လေးတွေထဲမှာတော့ ပုတယ်လို့ ပြောလို့မရဘူး… ဒါပေမဲ့.. ဘာပဲဖြစ်ဖြစ် ပေါ့ ကျွန်တော်နဲ့သူမ အတူတွဲ ပြီးတော့လဲ ကခဲ့ကြတယ်….. သူမရဲ့ လှုပ်ရှားမှု့တိုင်း ကို ကျွန်ရဲ့ ကြွက်သားတွေ နဲ့ ထိန်းရင်း အလိုက် သင့်လှုပ်ရှားပေးခဲ့တယ်…. အဲဒီလို တစ်ညလောက်ကလိုက် ရင်ပဲ ကျွန်တော် တော်တော် အသက်ကြီး သလိုခံ စားလိုက်ရတယ်….. အိမ်ပြန်ရောက်ပြီးရင် မလှုပ်နိုင်တော့ဘူး ကိုယ်တွေလက်တွေနာ လိုက်တာ ပြောမနေပါနဲ့တော့ သူမကတော့ သိမှာမဟုတ်ပါဘူး……
တစ်ခါတစ်လေကျရင် သူမကတော်တော်ဆိုးတယ်….. လမ်းကြမ်းကြမ်းတွေကို ကျွန်တော်နဲ့ အတူသွား ချင်တယ်တဲ့ ကျွန်တော်မပါလို့လဲ မဖြစ်ဘူး…. အဲဒီတော့ လိုက်သွားပေးရတာပေါ့…. အဲဒီလိုလမ်းကြမ်း ကြမ်းတွေထဲ သွားရင် ကျွန်တော့ရင်ဘတ်တွေလေ… ဆုတ်ပြဲကုန်ရော….. ဒါပေမဲ့ဘယ်တတ်နိုင် မလဲ သူမကသွားချင်တယ် ဆိုမှတော့ ကျွန်တော့ရင်ဘတ်တွေ ဆုတ်ပြဲ ကုန်တာကို ကျွန်တော်ဂရုမစိုက် ပါဘူး ကျွန်တော်ဆိုးရိမ်တာက သူမရဲ့ ခြေဖ၀ါးတွေ နာကျင်သွားမှာကိုပါ…..
တစ်နေ့ပေါ့…. အဲဒီနေ့က ကျွန်တော့ကို သူမ စွန့်ပြစ်သွားတဲ့နေ့ပေါ့…. မနက်အိမ်ကထွက်လာထဲက ကျွန်တော် ကိုယ်တွေလက်တွေ အရမ်းနာနေတာ… ဖြစ်ချင်တော့ မိုးကလည်းနည်းနည်းရွာနေတယ် သူမနဲ့ကျွန်တော် တစ်နေကုန် လျှောက်သွားကြတယ် ပြီးတော့အိမ်ပြန်ကြတယ်…. အိမ်ရောက်တော့ ကားပေါ်ကဆင်းတယ် … ကျွန်တော်အော်ပြောတယ်….. ခဲလုံး…. ခဲလုံး … မရတော့ဘူးသူမ ခြေချော် သွားပြီ…. ကျွန်တော်လည်း ရှိစုမဲစုအားလေးနဲ့ အတင်းလိုက်ဆွဲတာ… မနိုင်တော့ဘူး….. ကျွန်တော် လက်မောင်းတွေ ဖြုတ်ထွက် ကုန်တာပေါ့…… အဲဒီမှာတင် ပဲ သူမက ကျွန်တော့ကိုတစ်ချက် ကြည့် ပြီး အလုံပိတ်ကားနဲ့ လာသယ်မဲ့အိတ် ထဲကိုထည့်လိုက်တော့တာပါပဲ…… ကျွန်တော်နားလည်လိုက်ပါပြီ… ကျွန်တော်နဲ့ သူမက ဒီလောက်ပဲ ရေစက် ဆုံရတာကိုး…… ကျွန်တော့အပေါ် နင်းခဲ့တဲ့ သူမရဲ့ ခြေဖ၀ါး ရာလေးတွေကိုတော့ ကျွန်တော့ရဲ့ နောက်ဆုံး အချိန်ထိ သိမ်းထားမှာပါ……….
Sunday
ဒီဇင်ဘာ
ဒီဇင်ဘာရဲ့ နောက်ဆုံးည
ဆုံးဆည်းခဲ့ကြတဲ့ မင်းနဲ့တို့ဘဝ
နောက်ဆုံးအချစ်ဖြစ်ပါစေလို့
ကိုယ်စီဆုတောင်းခဲ့ကြဘူးတယ်။
ကံကြမ္မာရယ် ဘယ်လိုအငြိုးနဲ့
ခွဲခဲ့ကြတယ် တို့ရဲကြား
ပြန်ဆုံရဖို့တော့ မမျှော်လင့်ရဲဘူး
တကယ်ဆိုရင် လွမ်းနေရသူပါ။
ခုများတော့ အဝေးကနေ
သူ့ရဲအသံ သူ့ရဲ့ဟန်ကို
အတွေးနဲ့ပဲ အဖေါ်ပြု
အခန်းလေးထဲမှာ ကိုတစ်ယောက်တည်း။
ချစ်သူ........
တမ်းတမ်းတတ ခေါ်ချင်နေလည်း
သူက ကြားနိုင်ဦးမှာလား
နွမ်းနွမ်း လျှလျှ သူငိုနေလည်း
ကိုက အနားရောက်နိုင်ဦးမှာလား
ချစ်ခြင်း အစ
အလွမ်းနိဂုံး
အပြုံးနဲ့စ
မဲ့ပြလို့ဆုံး
ဒီဇင်ဘာ လိုနောက်ဆုံး
ဒီတစ်ခါနဲ့ဆုံးစေသား။ ။
Subscribe to:
Posts (Atom)